ဒီဘလော့လေးသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အရိပ်အောက်တွင်ရှိသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ရွှင်လန်း ကြပါစေ။............................

Wednesday, March 26, 2014

Auto Restart Error (Auto Restart ပြသနာ) ဖြေရှင်းနည်း ----- အလွယ်အဆင့်

Auto Restart Error (Auto Restart ပြသနာ)
  • ကျွန်တော်တို့ ကွန်ပျူတာဟာ ခဏတိုင်း Auto Restart ဖြစ်ဖြစ်နေတယ်ဆိုပါတော့ . . .
  • ဘယ်အကြောင်းအရာတွေကြောင့် Auto Restart ဖြစ်နေရ တာလဲဆိုတာသိ
  • ချင်လာပါ တယ်။ Auto Restart ဖြစ်စေတဲ့ အကြောင်းအရာတွေကတော့ . . .
  • 1. ဗိုင်းရပ်ကိုက်ခြင်း (Virus Infection)
  • 2. ဆော့ဖ်ဝဲလ် မကိုက်ခြင်း (Software Incompatible)
  • 3. Registry မှားယွင်းခြင်း (Corrupted registry)
  • 4. BIOS လွဲမှားခြင်း (Incorrect BIOS configuration)
  • 5. System File ပျောက်ပျက်နေခြင်း (Corrupted system files)
  • 6. Mother Board ညစ်ပတ်နေခြင်း (Dust on M.B)
  • 7. CMOS Battery အားနည်းနေခြင်း
  • 8. CPU Temperature မြှင့်တက်နေခြင်း (Too much heat/temperature inside CPU box)
  • 9. System Unit အတွင်း ချိတ်ဆက်ကြိုးများလွတ်နေခြင်း (Loose Connection of Hardware Cables) ဆိုပြီးတော့ အချက် 9 ချက်ရှိပါတယ်။ Auto Restart ဖြစ်စေခြင်း အကြောင်းရာတွေတော့သိပြီးပြီ။ ဘယ်လိုဖြေရှင်းရင်ရနိုင်မလဲ 
  • 1. ဗိုင်းရပ်ကိုက်ခြင်း (Virus Infection) အခုနောက်ပိုင်းမှာတော့ Anti-Virus မနိုင်တဲ့ Virus ဆိုတာခပ်ရှားရှားပါပဲ။ အဲ့ဒါကြောင့် မိမိကြိုက်နှစ်သက်သော Anti-Virus ကို သွင်းပြီး virus defination upto date ဖြစ်နေရင် Virus Clean လုပ်လိုက်ရုံနဲ့ auto restart ပြဿနာက ကင်းဝေးသွားမှာပါ။ 
  • 2. ဆော့ဖ်ဝဲလ် မကိုက်ညီခြင်း (Software Incompatible) ကျွန်တော်တို့ နောက်ဆုံး သွင်းခဲ့တဲ့ ဆော့ဖ်ဝဲလ်က support လုပ်မပေးနိုင်လို့ auto restart ပြဿနာကို ဖြစ်ပေါ် 
  • စေတာပါပဲ။ ကျွန်တော်တို့ နောက်ဆုံးသွင်းခဲ့တဲ့ ဆော့ဖ်ဝဲလ် ကို uninstallation ပြု လုပ်ပေးရုံဖြင့် စိတ်ပူပန်နေရခြင်းမှ ကင်းဝေးသွားစေမှာ ဖြစ်ပါတယ်။
  • 3. Registry မှားယွင်းခြင်း (Corrupted registry) Registry မှားယွင်းခြင်း ကိုတော့ ကျွန်တော်တို့ကိုယ်တိုင် registry ပြုပြင်တာထက် registry cleaner ကိုသုံးတာ ပိုသင့် တော်ပါတယ်။ Registry ဆိုတာက အမှားခံလို့မရတာကြောင့် registry cleaner ကို အသုံးပြုဖို့တိုက်တွန်းပါရစေ။
  • 4, 5, 6, 7, 8, 9 အချက်တွေကတော့ သာမန် User တစ်ယောက် အတွက် ပြုပြင်ရ ခက်ခဲနေမှာဖြစ်တာကြောင့်ဖော်ပြမပေးတော့ပါဘူး။
  • ကျွန်တော်ကိုယ်တိုင်လည်း  Hardware ပစ္စည်းတွေ ကိုယ်တွယ်ရန် နားမလည်ပါ :P 
  • Hardware ပစ္စည်းတွေကိုကိုင် တွယ်ရာမှာ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာရင် ငွေကုန်ကြေးကျများတဲ့အတွက် နားလည်ပေးစေလိုပါတယ်။

Credit -  IT Crazy Man

No comments:

Post a Comment